Laliga

■ El Clásico လာလီဂါမှာ (၂၁) ရာစုအတွင်း ပထမဆုံး OG သွင်းသူ

Written by Author

ဘာစီလိုနာအသင်း၏ ဥရုဂွေး ကြယ်ပွင့်နောက်ခံလူ အာရူဟိုသည် မတ်လ (၂၀)ရက်နေ့ (မြန်မာစံတော် ချိန်နံနက်အစော)က ယှဉ်ပြိုင်ကစားခဲ့သည့် ရီးယဲလ်မက်ဒရစ်အသင်းနှင့် El Clásico လာလီဂါပွဲစဉ်တွင် ကိုယ့်ဂိုးကိုယ်သွင်းယူပြခဲ့နောက် (၂၁)ရာစုအတွင်း El Clásico လာလီဂါပွဲစဉ်များတွင် ကိုယ့်ဂိုးကိုယ်သွင်းယူသည့် ပထမဆုံးဘာစီလိုနာကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အာရူဟိုသည် အဆိုပါ El Clásico ပွဲစဉ်၏ ပွဲချိန် (၉)မိနစ်တွင် ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့ခြင်းဖြစ်ပြီး ၎င်း၏ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ် ကိုယ့်ဂိုးကိုယ်သွင်းယူမှုဖြစ်ခဲ့သည်။

ထို့ပြင် အာရူဟိုသည် အသင်း၏ဂန္ထဝင် နောက်ခံလူဟောင်းဖြစ်သူ ပီကေး (၂၀၁၇ သြဂုတ်လ) နောက်ပိုင်း ပြိုင်ပွဲစုံတွင်ဘာစီလိုနာအသင်းအတွက် ပထမဆုံးအကြိမ် Own Goal သွင်းယူသူအဖြစ်လည်း မှတ်တမ်းဝင်နိုင်ခဲ့သည်။

အသက် (၂၄)နှစ်အရွယ်သာရှိသေးသည့် ဥရုဂွေးလက်ရွေးစင်နောက်ခံလူ အာရူဟိုသည် ၂၀၁၈ ခုနှစ်အတွင်းက ဥရုဂွေး ကလပ်ဘော်စတွန်ရေးဗားအသင်းမှ ဘာစီလိုနာလူငယ်အသင်း (Barcelona B သို့ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ယခုရာသီအပါဝင် ပြီးခဲ့သည့် (၂)ရာသီအတွင်း အသင်း၏ အဓိကနောက်ခံလူ အဖြစ်ခြေစွမ်းပြနေသူဖြစ်သည်။

El Clásico ပွဲစဉ်တွင် ဘာစီလိုနာအသင်းအတွက် အဖိုးတန်ချေပဂိုးသွင်းယူပေးခဲ့သည့် စပိန်ဝါရင့်နောက်ခံလူ ဆာဂျီရောဘတ်တိုမှာလည်း ယခုရာသီ လာလီဂါပွဲစဉ် (၁၇)ပွဲကစားထားရာတွင် သွင်းဂိုး (၄)ဂိုးအထိသွင်းယူနိုင်ခြင်း ဖြစ်ခဲ့ပြီး၊ ယင်းအရေအတွက်မှာ ပြီးခဲ့သည့် (၄)ရာသီအတွင်း လာလီဂါပွဲစဉ် (၈၃)ပွဲကစားပြီးချိန်တွင် ရရှိခဲ့သည့် သွင်းဂိုးအရေအတွက်နှင့် တူညီနေကြောင်းသိရသည်။

About the author

Author