Premier League

■ မက်ဆီရဲ့ FA ဖလား ဂိုးသွင်းစံချိန်ကို ဟာလန်း ချိုးသွားမှာ ကြောက်နေရှာတဲ့ ဂွါဒီယိုလာ

Written by Author

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဘန်လေနှင့်ပွဲတွင် တိုက်စစ်မှူး ဟော်လန်းကို လူစားလဲခဲ့ခြင်းမှာ မက်ဆီ၏ FA ဖလားဂိုးသွင်း စံချိန်ကို ကျော်ဖြတ်မည်စိုးသောကြောင့် ဖြစ်သည်ဟု နောက်ပြောင်ပြောကြားခဲ့သည်။

ဟော်လန်းသည် လိုက်ပ်ဇစ်နှင့်ပွဲတွင် (၅)ဂိုးသွင်းယူကာ မက်ဆီ၏ ချန်ပီယံလိဂ်တစ်ပွဲတည်းထဲ၌ ဂိုးအများဆုံးသွင်းယူနိုင်သည့်စံချိန်ကို လိုက်မီခဲ့သည်။

ယင်းပွဲတွင် ဂွါဒီယိုလာက ဟော်လန်းကို ပဉ္စမမြောက်ဂိုးသွင်းယူပြီး (၆)မိနစ်အကြာ၌ လူစားလဲခဲ့ပြီး ယင်းအချိန်မှာ ပွဲချိန်မိနစ်(၆၀) ကျော်သာရှိသေးသည်။

ထို့ကြောင့် ဂွါဒီယိုလာအနေဖြင့် ၎င်း၏ အနှစ်သက်ဆုံးလည်းဖြစ်၊ ဘာစီလိုနာအသင်းတွင် လက်တွဲခဲ့ဖူးသည့်ကစားသမားဟောင်းလည်းဖြစ်သည့် မက်ဆီ၏စံချိန်အား ဟော်လန်း ကျော်ဖြတ်သွားမည်ကို မဖြစ်စေလိုသောကြောင့် လူစားလဲခဲ့ခြင်းဖြစ်နိုင်ကြောင်း ဝေဖန်ပြစ် တင်မှုများရှိခဲ့သည်။

ယင်းအတွက် ယခု FA ဖလားပွဲအပြီးတွင် ဂွါဒီယိုလာက နောက်ပြောင်ခဲ့ခြင်းဖြစ်သည်။ “သူက (၄)ရက်အတွင်း (၈)ဂိုးသွင်းခဲ့တယ်။ ကျွန်တော် ဘာစီလိုနာမှာ (၁၁) နှစ်ကစားခဲ့တာ (၁၁)ဂိုးပဲ သွင်းနိုင်ခဲ့ပါတယ်။ သူလုပ်ခဲ့တာက မယုံနိုင်စရာပါပဲ။ ကျွန်တော် သူ့ကို (၃)ဂိုးသွင်းပြီးချိန်မှာ လူစားလဲခဲ့တာက မက်ဆီရဲ့ FA ဖလားပွဲက စံချိန်ကို မကျော်ဖြတ်သွားစေချင်လို့ပါ” ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။

မက်ဆီသည် အင်္ဂလန်ကလပ်အသင်းတွင် မကစားဖူးသလို၊ FA ဖလားလည်း မကစားဖူးသော်လည်း ဂွါဒီယိုလာက နောက်ပြောင်ခဲ့ခြင်းဖြစ်သည်။

About the author

Author