Serie A

■ အာဆင်နယ်ပစ်မှတ် မီလင်ကိုဗစ်ကို ဈေးသတ်မှတ်လိုက်တဲ့ လာဇီယို

Written by Author

လာဇီယိုအသင်းသည် အသင်း၏နာမည်ကြီး ကွင်းလယ်ကစားသမား မီလင်ကိုဗစ်အား ဈေးလျှော့ရောင်းရန် စီစဉ်နေကြောင်း Gazzetta dello Sport က ဖော်ပြခဲ့သည်။

အသက် (၂၈)နှစ်အရွယ် ဆားဘီးယားကွင်းလယ်လူ မီလင်ကိုဗစ်သည် ၂၀၂၄ ခုနှစ်တွင် လာဇီယိုအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။

လာဇီယိုအသင်းသည် ကနဦးက မီလင်ကိုဗစ်ကို ပေါင် (၈၈) သန်းရမှသာ ရောင်းချမည်ဟု ဈေးနှုန်းသတ်မှတ်ခဲ့သော်လည်း ယခုအခါ ပေါင် (၄၄)သန်းဖြင့် ရောင်းထုတ်ရန် စီစဉ်လာခြင်းဖြစ်သည်။

မီလင်ကိုဗစ်ကိုခေါ်ယူရန် ဂျူဗင်တပ်စ် နှင့် အာဆင်နယ်အသင်းတို့က စိတ်ဝင်စားနေကြောင်း သိရှိရသည်။

About the author

Author