Serie A

■ အီဘရာဟီမိုဗစ်နဲ့ ပတ်သက်လို့ လေသံပြောင်းလာတဲ့ လူကာကူ

Written by Author

အင်တာမီလန်အသင်းတိုက်စစ်မှူး လူကာကူသည် အေစီမီလန်အသင်း တိုက်စစ်မှူး အီဘရာဟီမိုဗစ်နှင့် မပြေလည်မှု အဆုံးသတ်ရန် ကြိုးပမ်းနေသည်။

၂၀၂၁ ခုနှစ်အတွင်းကစားခဲ့သည့် အင်တာမီလန်နှင့် အေစီမီလန်အသင်းတို့၏ ကိုပါအီတာလီယာကွာတားဖိုင်နယ်တွင် လူကာကူနှင့် အီဘရာဟီမိုဗစ်တို့သည် နှစ်ဦးသားခေါင်းချင်းဆိုင်၍ အချင်းများခဲ့ဖူးသည်။

အီဘရာဟီမိုဗစ်က မန်ယူတွင် ဆုံတွေ့ဖူးသည့် လူကာကူသည် ဘောလုံးထိန်းသိမ်းပုံအလွန်ညံ့ဖျင်းသည်ဟုဝေဖန်ခဲ့ကြောင်း သိရသည်။

ယခုအခါ လူကာကူက “ဇလာတန်က စစ်သူကြီးပါပဲ။ ထိပ်တန်းအဆင့်မှာ နှစ်ပေါင်းများစွာကစားလာသူပါ။ ဒါကို ကျွန်တော်တို့ မဖြစ်မနေလေးစားရပါမယ်။ သူ့ကို ကျွန်တော်တို့ ချီးကျူးဂုဏ်ပြုရပါမယ်။ အီဘရာဟီမိုဗစ်နဲ့ ပတ်သက်ပြီး ကျွန်တော့်စိတ်ထဲ လေးစားတာကလွဲပြီး ကျန်တာ ဘာမှမရှိတော့ပါဘူး” ဟု ပြောကြားခဲ့သည်။

အီဘရာဟီမိုဗစ်ကမူ လူကာကူနှင့် ပတ်သက်၍ အခဲမကျေသေးပုံရပြီး ကွင်းထဲတွင် ဖြစ်ခဲ့သမျှကို အမှတ်ရနေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီဘရာဟီမိုဗစ်၏ ဆွီဒင်အသင်းနှင့် လူကာကူ၏ ဘယ်လ်ဂျီယံအသင်းတို့သည် ယူရို-၂၀၂၄ ခြေစစ်ပွဲအဖြစ်ဆုံတွေ့ခဲ့ပြီး ဘယ်လ်ဂျီယံအသင်းက လူကာကူ၏ ဟက်ထရစ် (၃-ဝ)ဂိုးရလဒ်နှင့် နိုင်ခဲ့သည်။

About the author

Author