Serie A

■ ကစားသမားဘဝရာပြည့်သွင်းဂိုးမှာ မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ထက် သာလွန်နေတဲ့ အိုဆင်မန်

Written by Author

နာပိုလီအသင်းတိုက်စစ်မှူး အိုဆင်မန်သည် ပြီးခဲ့သည့် ဆာဆူအိုလိုအသင်းနှင့် စီးရီးအေပွဲစဉ်တွင် ဂိုးသွင်းယူပြီးနောက် စီရော်နယ်လ်ဒို၊ မက်ဆီတို့ထက် ပွဲအရေအတွက်နည်းပါးစွာဖြင့် ကစားသမားဘဝ ရာပြည့်ဂိုးသွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

အိုဆင်မန်သည် နာပိုလီအသင်းက ဆာဆူအိုလိုအသင်းကို (၂-ဝ)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် အနိုင်ဂိုးတစ်ဂိုး သွင်းယူခဲ့ပြီး အဆိုပါမှတ်တမ်းပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

အိုဆင်မန်က ကစားသမားဘဝ (၁၉၇)ပွဲတွင် ရာပြည့်ဂိုးသွင်းယူနိုင်ခဲ့ပြီး စီရော်နယ်လ်ဒို (၃၀၁ ပွဲ) ၊ မက်ဆီ (၂၁၀ ပွဲ)တို့ထက် ပွဲအရေအတွက်နည်းပါးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိရာသီစီးရီးအေပြိုင်ပွဲတွင် အိုဆင်မန်သည် (၁၈)ဂိုးအထိ သွင်းယူထားနိုင်ပြီး ဂိုးသွင်းဘုရင်ဆုအတွက် အပြတ်အသတ် ရေပန်းစားနေသလို၊ နာပိုလီအသင်းမှာလည်း စီးရီးအေချန်ပီယံဆု ရရှိရန်နီးစပ်နေပြီဖြစ်သည်။

ထို့ပြင် အိုဆင်မန်သည် နာပိုလီအသင်းသမိုင်းတစ်လျှောက် စီးရီးအေ (၇)ပွဲဆက် ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ကစားသမားဘဝ သွင်းဂိုး (၁၀၀) အမြန်ဆုံးပြည့်သူများ

ဟော်လန်း – ၁၄၆ ပွဲ

ဘာပေ – ၁၈၀ ပွဲ

အိုဆင်မန် – ၁၉၇ ပွဲ

မက်ဆီ – ၂၁၀ ပွဲ

အီဘရာဟီမိုဗစ် – ၂၄၅ ပွဲ

About the author

Author