Serie A

■ ပြောစရာတွေရှိပေမဲ့ မျိုသိပ်ထားတယ်လို့ ဆိုလိုက်တဲ့ စပါယ်ရှယ်ဝမ်း

Written by Author

ရိုးမားအသင်းနည်းပြ မော်ရင်ဟိုက မိမိတွင် ပြောစရာများစွာ ရှိသော်လည်း အချိန်မတန်သေးသဖြင့် မပြောနိုင်သေးကြောင်း ဝန်ခံပြောကြားခဲ့သည်။

ဖဖော်ဝါရီ (၁၉) ရက်က ကစားခဲ့သည့် စီးရီးအေပွဲစဉ် ရိုးမား (၁-ဝ) ဗီရိုနာပွဲအပြီးတွင် ရိုးမားနည်းပြ မော်ရင်ဟိုသည် အသင်းကစားသမားအချို့ကို လှောင်ပြောင်ခဲ့သည့် အသင်းပရိသတ်များအား ဝေဖန်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မော်ရင်ဟိုသည် အသင်းအပြောင်းအရွှေ့လှုပ်ရှားမှုများနှင့်ပတ်သက်ပြီးလည်း ဝေဖန်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သို့သော် မော်ရင်ဟိုက မိမိတွင် ပြောစရာများစွာ ရှိနေသေးကြောင်းနှင့် လက်ရှိတွင် အချိန်မတန်သေးသဖြင့် မပြောနိုင်သေးကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မော်ရင်ဟိုက ”ရာသီကုန်တော့မှ ကျွန်တော်တို့ ပြောကြတာပေါ့။ ကျွန်တော့်မှာ ပြောစရာတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ အခုက (အဲဒီစကားပြောဖို့) အချိန်မတန်သေးပါဘူး။ ရိုးမားအသင်းကို ကိုင်တွယ်ခဲ့တဲ့ (၁)နှစ်ခွဲတာကာလအတွင်း ဘယ်သူနဲ့မှ ကျွန်တော် အင်တာဗျူး မလုပ်ခဲ့ပါဘူး။ ကျွန်တော့်အနေနဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွေ၊ ပွဲပြီးသတင်းစာရှင်းလင်းပွဲတွေမှာပဲ စကားပြောလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုလုပ်ဖို့ ကျွန်တော့်မှာ တာဝန်ရှိလို့ပါ။ တကယ်လို့ အဲဒီလို မဟုတ်ဘူးဆိုရင် ကလပ်အသင်း ဒါမှမဟုတ် ကျွန်တော့်အနေနဲ့ ဒဏ်တပ်ရိုက်ခံရပါလိမ့်မယ်။ အင်တာဗျူးတွေ ပေးမလုပ်တာ ကျွန်တော့်အမှား ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ရာသီပြီးဆုံးအောင် ကျွန်တော် စောင့်နေတာပါ”ဟု ပြောကြားခဲ့သည်။

မော်ရင်ဟိုသည် ရိုးမားအသင်းရလဒ်ဆိုးရွားမှုကြောင့် ဖိအားများနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။

About the author

Author