Premier League

■ အင်္ဂလန်သမိုင်းမှာ ဟာရီကိန်းထက် သာတာ တစ်ယောက်မှ မရှိဘူး

Written by Author

အီတလီအသင်းနှင့်ကစားခဲ့သည့် ယူရို-၂၀၂၃ ခြေစစ်ပွဲတွင် တစ်ဂိုးသွင်းယူခဲ့သူ အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းက အသင်းအတွက်ဂိုးများစွာ ထပ်မံသွင်းယူပေးလိုကြောင်းပြောကြားခဲ့သည်။

ဟာရီကိန်းသည် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် သွင်းဂိုး ၅၄ ဂိုးရှိလာပြီး အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပြီလည်းဖြစ်သည်။ ဟာရီကိန်းသည် ၂၀၁၆ ခုနှစ် က အသင်းခေါင်းဆောင်ဟောင်း ဝိန်းရွန်နီ တင်ရှိထားသည့် ၅၃ ဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ပြီး ပွဲအရေအတွက်မှာလည်း ၈၁ ပွဲသာရှိသောကြောင့် ဝိန်းရွန်နီထက် ၃၉ ပွဲ ပိုနည်းကြောင်း သိရသည်။

“ကျွန်တော်က အနာဂတ်ကို အဝေးကြီး မကြည့်ချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်က ၂၉ နှစ်ပဲ ရှိပါသေးတယ်။ ကြံ့ခိုင်ပြီး သန်မာတယ်လို့ ခံစားရပြီး ကျွန်တော့်ကစားသမားဘဝမှာ အကောင်းဆုံးအချိန်ပဲလို့ ခံစားမိပါတယ်။ နောက်ထပ်နှစ်တွေအများကြီး ဆက်ကစားနိုင်ဦးမယ်လို့လည်း မျှော်လင့်ပါတယ်။

အင်္ဂလန်အသင်းအတွက် ကစားရတာ ဘောလုံးမှာ ကျွန်တော့်ရဲ့ အကောင်းဆုံးခံစားချက်လည်း ဖြစ်နိုင်ပါတယ်။ တတ်နိုင်သလောက် အချိန်အကြာကြီး ဆက်ကစားချင်သေးပြီး တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ပွဲတိုင်းမှာလည်း ဂိုးသွင်းချင်ပါတယ်။ သွင်းဂိုးတွေလည်း နောက်ထပ်အများကြီး သွင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဟာရီကိန်းက ပြောကြားခဲ့သည်။

ဝိန်းရွန်နီကလည်း ၎င်း၏စံချိန်ကို ဟာရီကိန်း ကျော်ဖြတ်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုကြောင်း၊ စံချိန်တင်နိုင်မည်ကိုသိသော်လည်း အချိန်မြန်ကြောင်း ချီးကျူးခဲ့သည်။

About the author

Author