Laliga

■ ဒီရာသီ လာလီဂါမှာ အကောင်းဆုံးအသင်းကို ပြောပြခဲ့တဲ့ ဆီမြွန်နီ

Written by Author

အက်သလက်တီကိုအသင်း၏ အာဂျင်တီးနားလူမျိုး နည်းပြ ဆီမြွန်နီက ဘာစီလိုနာအသင်းမှာ ယခုရာသီလာလီဂါပြိုင်ပွဲ၏ အကောင်းဆုံးအသင်းဖြစ်သည်ဟု ချီးကျူးခဲ့ပြီး နည်းပြဖြစ်သူ ဇာဗီမှာလည်း စစ်မှန်သောဘာစီလိုနာကို ပြန်လည်တည်ဆောက်ပေးနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် ယခုရာသီလာလီဂါပွဲတွင် အမှတ်ပေးဇယား အဆင့် (၁)နေရာတွင် ရပ်တည်နေပြီး ၂၀၁၈-၁၉ ရာသီနောက်ပိုင်း လာလီဂါချန်ပီယံဆုအား တစ်ကျော့ပြန်ရယူနိုင်ရန် အခြေအနေကောင်းများ ပိုင်ဆိုင်လျက်ရှိနေသည်။

ထို့ပြင် ဘာစီလိုနာအသင်းသည် ရီးယဲလ်မက်ဒရစ်အား (၃-၁)ဂိုးဖြင့် အနိုင်ယူကာ ၂၀၂၂-၂၃ ရာသီ စပိန်စူပါဖလားချန်ပီယံဆု အားဆွတ်ခူးထားနိုင်ခဲ့သလို၊ စပိန်ဘုရင့်ဖလားတွင် ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်ထားနိုင်ခဲ့သည်။

ဘာစီလိုနာအသင်း၏ ယခုရာသီစွမ်းဆောင်ရည်နှင့် ပတ်သက်ပြီး ဆီမြွန်နီက “ဘာစီလိုနာဟာ ဒီရာသီလာလီဂါ ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်းပါပဲ။ ဒါကို သူတို့ (ဘာစီလို နာ)အသင်းရဲ့ နည်းပြဖြစ်တဲ့ ဇာဗီက အကောင်းဆုံးသော ရလဒ်တွေနဲ့ သက်သေပြထားပါတယ်။ ဘာစီလိုနာရဲ့ ဟန်ပန်ဟာ ပြောင်းလဲသွားခဲ့ခြင်းမရှိသေးပါဘူး။ ဒါပေမဲ့ ဇာဗီရောက်လာပြီးမှ စစ်မှန်သော ဘာစီလိုနာကို ပြန်လည်တည် ဆောက်နိုင်ခဲ့တာပါ။ ဒီရာသီ ဘာစီလိုနာရဲ့ နေရာစုံစွမ်းဆောင်မှုတွေကို သိပ်ကိုအားရကျေနပ်စရာကောင်းပါတယ်” ဟု စပိန်အားကစားသတင်းစာ AS သို့ဖြေကြားခဲ့သည်။

About the author

Author