Laliga

■ သူ ခေါ်ယူခဲ့တဲ့ နာမည်ကျော်တွေထဲမှာ အကောင်းဆုံးကစားသမားကို ပြောပြခဲ့တဲ့ ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ်

Written by Author

ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်က သူ ခေါ်ယူခဲ့တဲ့ ကစားသမားတွေထဲမှာ စီရော်နယ်လ်ဒိုက အကောင်းဆုံးခေါ်ယူမှုဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ပီရက်ဇ်ဟာ ရီးယဲလ်မက်ဒရစ်အသင်း ဥက္ကဋ္ဌအဖြစ် သက်တမ်း(၂)ခု ဆောင်ရွက်နေသူဖြစ်ပြီး ဇီဒန်း၊ ကာကာ၊ ဒေးဗစ်ဘက်ခမ်း၊ ရော်နယ်လ်ဒိုကြီး၊ ဖီဂို၊ ဟီဂွါအင်၊ ဘန်ဇီမာ၊ အလွန်ဆို၊ မိုက်ကယ်အိုဝင်စတဲ့ နာမည်ကျော် ကစားသမားတွေကို ခေါ်ယူခဲ့ဖူူးတာပါ။

ပီရက်ဇ်ဟာ ပေါ်တူဂီတိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုကို ၂၀၀၉ နွေရာသီအပြောင်းအရွှေ့ကာလမှာ ပေါင်သန်း (၈၀) (အဲဒီတုန်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး)နဲ့ မန်ယူအသင်းကနေ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ပီရက်ဇ်က ”စီရော်နယ်လ်ဒိုဟာ ဘယ်တော့မှ ပြဿနာမရှိတဲ့ စံပြပရော်ဖက်ရှင်နယ်ကစားသမားပါ။ ကျွန်တော်ခေါ်ယူခဲ့သမျှ ကစားသမားတွေထဲမှာ သူက အကောင်းဆုံးဖြစ်ပြီး ကျွန်တော်တို့ရဲ့ဆက်ဆံရေးဟာ အလွန်ကို အဆင်ပြေပါတယ်။

သူ့ကို အသင်းက ထွက်ခွာခွင့်ပေးခဲ့တာကတော့ သူ့အနေနဲ့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်တယ်လို့ ပြောခဲ့တာကြောင့် ကျွန်တော်ခွင့်ပြုခဲ့တာပါ။ ကျွန်တော်တို့အကြားမှာ ငွေကြေးနဲ့ပတ်သက်တဲ့ ပြဿနာမျိုး ဘယ်တုန်းကမှမရှိခဲ့ပါဘူး”လို့ ဆိုပါတယ်။

စီရော်နယ်လ်ဒိုဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာ ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ (၉)ရာသီကြာကစားခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၄၃၈)ပွဲမှာ ဂိုး (၄၅၀)အထိ သွင်းယူပေးခဲ့ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ် (၄)ကြိမ်အပါအဝင် ဆုဖလားပေါင်း (၁၆)လုံးအထိ ရယူနိုင်ခဲ့ပါတယ်။ ပြီးတော့ သူဟာ (၉) ရာသီအတွင်းမှာပဲ ရီးယဲလ်အသင်းသမိုင်းမှာ ဂိုးအများဆုံးသွင်းသူအဖြစ်လည်း ရပ်တည်နိုင်ခဲ့တာပါ။

About the author

Author