Laliga

■ ဂါဗီကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ လက်လွှတ်ရဖွယ်ရှိတဲ့ ဘာစီလိုနာ

Written by Author

ဘာစီလိုနာအသင်းအနေနဲ့ အသင်းလူငယ်ကစားသမား ဂါဗီကို မှတ်ပုံတင်ခြင်းအမှုမှာ ရှုံးနိမ့်ပါက လာမည့်နွေမှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ လက်လွှတ်ရဖွယ်ရှိကြောင်း Cadena SIR က ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာအသင်းက ကတ်တလန်တရားရုံးရဲ့ ဆုံးဖြတ်ချက်အရ ဂါဗီကို ဇန်နဝါရီမှာ အသင်းကြီးကစားသမားအဖြစ် မှတ်ပုံတင်ထားပေမဲ့ လာလီဂါဥက္ကဋ္ဌ တီဘက်စ်ကတော့ ဒါဟာ တရားမဝင်ဘဲ တရားရင်ဆိုင်သွားမယ်လို့ ပြောဆိုထားတာပါ။

တကယ်လို့ အဲဒီအမှုမှာ လာလီဂါက နိုင်ပြီး ဂါဗီရဲ့ မှတ်ပုံတင်ခြင်းကိစ္စသာ ပယ်ဖျက်ခံရမယ်ဆိုရင် အခု ဘာစီလိုနာအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်က အကျုံးဝင်တော့မှာ မဟုတ်ဘဲ ကစားသမားအနေနဲ့ ဘယ်အသင်းကိုမဆို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွာခွင့်ရရှိသွားမှာပါ။

လက်ရှိမှာ ဘာစီလိုနာအသင်းက စပိန်လက်ရွေးစင်လူငယ်ကွင်းလယ်ကစားသမား ဇာဗီကို ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုထားတာပါ။

ဒါပေမဲ့ တရားရုံးမှာသာ လာလီဂါရဲ့ စွဲဆိုချက်ကို မချေပနိုင်ဘဲ ရှုံးနိမ့်ခဲ့မယ်ဆိုရင် အသက် (၁၈) နှစ်အရွယ် ဇာဗီရဲ့ လက်ရှိစာချုပ်ဟာ အသုံးမဝင်တော့ဘဲ ဥရောပထိပ်တန်းကလပ်အသင်းတွေနဲ့ ဂါဗီကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။

About the author

Author