Laliga

■ ပရိသတ်တွေ ရွေးချယ်တဲ့ ရီးယဲလ်သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမား

Written by Author

ရီးယဲလ်မက်ဒရစ်အသင်းပရိသတ်များ၏ အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမား ရွေးချယ်မှုတွင် ဂန္ထဝင်တိုက်စစ်မှူး ဒီစတီဖာနိုက ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့ကြောင်းသိရသည်။

ရီးယဲလ်အသင်းသမိုင်းတစ်လျှောက် ပြိုင်ပွဲစုံစတုတ္ထဂိုးသွင်းအများဆုံးကစားသမား (၃၀၈ ဂိုး)အဖြစ် ရပ်တည်နေသည့် ဒီစတီဖာနိုသည် ၁၉၅၅-၅၆ ရာသီမှ ၁၉၅၉-၆၀ ရာသီအထိ ရီးယဲလ်အသင်း၏ ဥရောပဖလား (ယခုချန်ပီယံလိဂ်) (၅)ကြိမ်ဆက်အောင်ပွဲတွင် အဓိကကျခဲ့သူဖြစ်ပြီး အသက် (၈၈)နှစ်အရွယ် ၂၀၁၄ ခုနှစ်တွင် ကွယ်လွန်ခဲ့သူဖြစ်သည်။

၎င်း၏နောက်တွင် ပွတ်ရှ်ကပ်စ်၊ အီဂူလာ၊ စီရော်နယ်လ်ဒို၊ ဟူဂိုဆန်းချက်ဇ်နှင့် ရာအူးလ်တို့ ကအစဉ်လိုက်ရပ်တည်ခဲ့ကြောင်းသိရသည်။

စီရော်နယ်လ်ဒိုသည် ရီးယဲလ်အသင်းတွင် ၂၀၀၉-၁၀ ရာသီမှ ၂၀၁၇-၁၈ ရာသီအထိ (၉)ရာသီကြာကစားခဲ့ပြီး ပြိုင်ပွဲစုံ (၄၃၈)ပွဲ ကစားရာတွင် (၄၅၀)ဂိုးအထိသွင်းယူကာ ရီးယဲလ်အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း ယခုရွေးချယ်မှုတွင် အဆင့် (၄)နေရာ၌သာ ရပ်တည်နိုင်ခဲ့သည်။

About the author

Author