Serie A

■ စီးရီးအေမှာ ဈေးကွက်တန်ဖိုးအမြင့်ဆုံးအသင်း

Written by Author

အေစီမီလန်အသင်းသည် ပြီးခဲ့သည့်ရာသီတွင် စီးရီးအေချန်ပီယံဆု ပိုင်ဆိုင်ခဲ့သဖြင့် ကစားသမားများ၏ တန်ဖိုးအပေါ်မူတည်၍ တွက်ချက်သော ဈေးကွက်တန်ဖိုးအမြင့်မားဆုံး စီးရီးအေအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်အတွင်းတွင် အေစီမီလန်အသင်း၏ တန်ဖိုးမှာယူရို (၄၅၆)သန်းသာ ရှိခဲ့သော်လည်း ဧပြီလအတွင်းတွင် ယူရိုသန်း (၄၈၀)သို့ မြင့်တက်လာခဲ့သည်။ ယခုအခါ အေစီမီလန်အသင်း၏ တန်ဖိုးမှာ ယူရို (၅၂၂ .၄) သန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

အေစီမီလန်အသင်း၏နောက်တွင် ဂျူဗင်တပ်စ်အသင်းက ယူရို (၅၂၀ .၉)သန်းဖြင့် ဒုတိယနေရာ၊ အင်တာမီလန်အသင်းက ယူရို (၅၁၄.၇)သန်းဖြင့် တတိယနေရာများတွင် ရပ်တည်နိုင်ခဲ့သည်။

အေစီမီလန်အသင်းကြယ်ပွင့် လီယာအို၏ ဈေးကွက်တန်ဖိုးမှာ ပြီးခဲ့သည့်နှစ်အတွင်း ယူရို (၂၅)သန်းသာရှိရာမှ လက်ရှိအချိန်တွင် ယူရိုသန်း (၇၀)အထိမြင့်တက်လာခဲ့ကြောင်း သိရသည်။

ဈေးကွက်တန်ဖိုးအမြင့်မားဆုံး စီးရီးအေအသင်းများ

အေစီမီလန် ၅၂၂.၄ သန်း

ဂျူဗင်တပ်စ် ၅၂၀.၉ သန်း

အင်တာမီလန် ၅၁၄.၇ သန်း

နာပိုလီ ၄၆၅.၄ သန်း

ရိုးမား ၃၅၈.၃ သန်း

အတ္တလန်တာ ၃၄၅.၉ သန်း

လာဇီယို ၂၄၇ .၇ သန်း
(မှတ်ချက် – ယူရို)

About the author

Author