Premier League

■ အိုဆင်မန် ပြောင်းသင့်တဲ့ ပရီးမီးယားလိဂ်အသင်းကို ပြောပြခဲ့တဲ့ အီဂါလို

Written by Author

ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းတွင် ကစားနေသည့် နိုင်ဂျီးရီးယားတိုက်စစ်မှူး အီဂါလိုက နိုင်ငံအသင်းဖော် အိုဆင်မန်အား မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားရန် တိုက်တွန်းခဲ့သည်။

အီဂါလိုသည် ၂၀၂၀-၂၁ ရာသီက မန်ယူအသင်းတွင် အငှားသွားရောက်ကစားခဲ့ဖူးသူဖြစ်သည်။

ယခု ဥရောပထိပ်တန်းအသင်းများစွာ၏ စိတ်ဝင်စားခြင်းခံနေရသည့် အိုဆင်မန်အား အီဂါလိုက ”အိုဆင်မန်က မန်ယူအသင်းနဲ့ လိုက်ဖက်မယ်လို့ ထင်ပါတယ်။ သူသာ ကျွန်တော့်ကိုအကြံတောင်းလာမယ်ဆိုရင် မန်ယူကိုပြောင်းလို့ပဲ ပြောမှာပါ”ဟု ပြောကြားခဲ့သည်။

About the author

Author