Laliga

■ ဘာစီလိုနာကို ရစရာမရှိအောင် ဝေဖန်ခဲ့တဲ့ မက်ဆီရဲ့အစ်ကိုကို တုံ့ပြန်လိုက်တဲ့ ဇာဗီ

Written by Author

ဘာစီလိုနာအသင်းနည်းပြ ဇာဗီသည် အသင်းကို ဝေဖန်ခဲ့တဲ့ မက်ဆီရဲ့အစ်ကိုဖြစ်သူ မာသီယက်စ်မက်ဆီရဲ့ ပြောဆိုမှုတွေကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

မက်ဆီရဲ့အစ်ကိုက မာသီယက်စ်မက်ဆီက ဘာစီလိုနာအသင်းဟာ မက်ဆီကြောင့် ကျော်ကြားလာတာ ဖြစ်ပြီး အရင်တုန်းက လူတွေက ဘာစီလိုနာထက် ရီးယဲလ်မက်ဒရစ်အသင်းကိုပဲ သိကြတာပါလို့ ဝေဖန်ခဲ့တာပါ။

နောက်ပိုင်းမှာတော့ ဝေဖန်မှုတွေ ဆူညံလာတာကြောင့် မာသီယက်စ်က သူ့ရဲ့ ပြောဆိုမှုတွေဟာ မှားယွင်းကြောင်း ပြန်လည်တောင်းပန်ခဲ့ပါတယ်။

အဲဒီတောင်းပန်မှုနဲ့ ပတ်သက်လို့ ဇာဗီက ”မာသီယက်စ်က သူ့စကားအတွက် ပြန်တောင်းပန်ခဲ့ပါတယ်။ ဒီလိုပဲဖြစ်ရမှာပါ။ မက်ဆီရဲ့ မိသားစုအကြောင်း ကျွန်တော် ကောင်းကောင်းသိပါတယ်။ သိပ်ပြီး နှစ်လိုဖွယ်ရာကောင်းသူတွေပါပဲ။ တကယ်လို့ ခင်ဗျား မှားနေတယ်ဆိုရင် ပြန်တောင်းပန်ရုံကလွဲပြီး တခြား လုပ်စရာမရှိပါဘူး”လို့ ဆိုပါတယ်။

About the author

Author