Bundesliga

■ သူအကြိုက်ဆုံး ပရီးမီးယားကလပ်ကို ပြောပြခဲ့တဲ့ ဂီဗာဒီယိုလ်

Written by Author

၂၀၂၂ ကမ္ဘာ့ဖလားမှာ ခရိုအေးရှားအသင်းနဲ့အတူ ခြေစွမ်းပြပြီး ထွန်းတောက်လာတဲ့ လိုက်ပ်ဇစ်နောက်ခံလူ ဂီဗာဒီယိုလ်က သူ အကြိုက်ဆုံး ပရီးမီးယားလိဂ်ကလပ်အသင်းကို ဖွင့်ဟဝန်ခံခဲ့ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလား တတိယဆုရ ခရိုအေးရှားအသင်းမှာ ခြေစွမ်းပြခဲ့တဲ့ ဂီဗာဒီယိုလ်ကို ပရီးမီးယားလိဂ်ထိပ်သီး အသင်းတွေအပါအဝင် ဥရောပထိပ်တန်းအသင်း တော်တော်များများက ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပါ။

ဂီဗာဒီယိုလ်ကိုယ်တိုင်လည်း လက်ရှိဘောလုံးလောကမှာ အကောင်းဆုံးလိဂ်အဖြစ် သတ်မှတ်ခံထားရတဲ့ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားလိုနေပြီး ပရီးမီးယားလိဂ်မှာ သူအကြိုက်ဆုံးအသင်းကိုလည်း ဖွင့်ဟဝန်ခံခဲ့ပါတယ်။

ဂီဗာဒီယိုလ်က “ပရီးမီးယားလိဂ်မှာ ကျွန်တော် အကြိုက်ဆုံးအသင်းကတော့ လီဗာပူးလ်ပါပဲ။ ကျွန်တော် ငယ်ငယ်ကတည်းက အဖေနဲ့အတူ လီဗာပူးလ်ပွဲတွေ တော်တော်များများကို စောင့်ကြည့်အားပေးခဲ့ပါတယ်။ လီဗာပူးလ်ရဲ့ ရာသီတိုင်းကိုတောင် ကျွန်တော်တို့ ရေးမှတ်ထားတာပါ။ လီဗာပူးလ်ဟာ ကျွန်တော့်ရင်ထဲမှာ ထာဝရ ရှိနေမယ့်အသင်း ဖြစ်ပါတယ်”လို့ ဖွင့်ဟခဲ့တာပါ။

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဥရောပမှာ ထွန်းတောက်လာတဲ့ ဂီဗာဒီယိုလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းတွေထဲမှာ လီဗာပူးလ်အသင်းလည်း ပါဝင်ပြီး ဂီဗာဒီယိုလ်အနေနဲ့ သူ ငယ်စဉ်ကတည်းက အားပေးလာတဲ့ လီဗာပူးလ်နဲ့ ပေါင်းဖက်ခွင့်ရမလား စောင့်ကြည့်ရမှာပါ။

About the author

Author