Bundesliga

■ လူပျိုကြီး မာနေးရဲ့ လေးစားလောက်တဲ့ အချစ်အပေါ် သဘောထား

Written by Author

ဘိုင်ယန်မြူးနစ်အသင်းက ဆီနီဂေါလက်ရွေးစင်တိုက်စစ်ကစားသမား မာနေဟာ ဘောလုံးပရိသတ်တိုင်းလိုလို ချစ်ခင်နှစ်သက်ခြင်း ခံရသူလည်း ဖြစ်ပါတယ်။

အသက် (၃၀) ကျော်လာပြီ ဖြစ်လာပေမဲ့ မာနေးဟာ လက်ထပ်ဖို့ မဆိုထားနဲ့ ချစ်သူတောင် မရှိတဲ့ FA စစ်စစ်ကြီး ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းကနေ မာနေး ထွက်ခွာတုန်းက လီဗာပူးလ်ပရိသတ်အချို့က လီဗာပူးလ်မြို့သူတွေအနေနဲ့ မာနေးကို ၁၅၀၀ မေတ္တာနဲ့ မချည်နှောင်နိုင်ခဲ့တာ အားနည်းချက် ဖြစ်တယ်လို့တောင် ပြောစမှတ်တွင်ခဲ့ပါတယ်။

နာမည်ကျော် ထိပ်တန်းဘောလုံးသမားတွေအနားမှာ မိန်းကလေး ဝိုင်းဝိုင်းလည်နေတတ်ပေမဲ့ မာနေး ဘာကြောင့် လူပျိုကြီး ဖြစ်နေတာပါလဲ။ မာနေးရဲ့ အချစ်အပေါ် ခံစားချက်ကရော ဘယ်လိုမျိုးလဲ။

မာနေးက “နင် ဘာကြောင့် လက်မထပ်သေးတာလဲလို့ ကျွန်တော့်ကို လာမေးတဲ့ မိန်းကလေးများစွာနဲ့ ကျွန်တော် တွေ့ကြုံဖူးပါတယ်။ ဒါပေမဲ့ ဒီမေးခွန်းက အချိန်ဖြုန်းတာပါပဲ။ လူမှုကွန်ရက် (Tik Tok, Facebook, Instagram, Twitter…) အသုံးမပြုတဲ့ မိန်းကလေးကိုပဲ ကျွန်တော် လက်ထပ်ချင်တယ်။ ဘုရားသခင်ကို လေးစားပြီး ဆုတောင်းကောင်းတဲ့ မိန်းကလေးကိုပဲ ကျွန်တော် လက်ထပ်ချင်တယ်။ လူတိုင်းမှာ သူတို့ရဲ့ အချစ်နဲ့ ပတ်သက်လို့ ကိုယ်ပိုင်ရွေးချယ်မှုတွေ ရှိကြတာပါပဲ”လို့ ဆိုပါတယ်။

About the author

Author