Bundesliga

■ ဥရောပထိပ်သီးတွေရဲ့ပစ်မှတ် ဘယ်လင်ဟမ်ကို ဒေါ့မွန်အသင်း ဈေးနှုန်းသတ်မှတ်

Written by Author

ဒေါ့မွန်အသင်း၏ အားကစားဒါရိုက်တာဖြစ်သူ ဆီဘက်ရှန်ခါးလ်က ဥရောပထိပ်သီးအသင်းကြီးများ၏ ခေါ်ယူရန် ပစ်မှတ်ထားခြင်းခံနေရသည့် အသင်းကွင်းလယ်ကစားသမား ဘယ်လင်ဟမ်အတွက် ကမ်းလှမ်းမှုမရှိကြောင်း ပြောကြားခဲ့သည်။

အသက် (၁၉) နှစ်အရွယ်ရှိ အင်္ဂလန်လူငယ်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်သည် လက်ရှိတွင် အကောင်းဆုံးလူငယ်ကစားသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။

ဘယ်လင်ဟမ်အား ခေါ်ယူရန် လီဗာပူးလ်နှင့် ရီးယဲလ်အသင်းတို့က ရေပန်းအစားဆုံးဖြစ်နေပြီး မန်စီးတီး၊ မန်ယူ၊ ချယ်လ်ဆီး၊ နယူးကာဆယ်နှင့် PSG အသင်းတို့ကလည်း စိတ်ဝင်စားနေကြောင်း သိရှိရသည်။

ဒေါ့မွန်အသင်းသည် ဘယ်လင်ဟမ်အား ၂၀၂၀ နွေရာသီတွင် ပေါင် (၂၅) သန်းဖြင့် ဝယ်ယူခဲ့ပြီး လာမည့်နွေတွင် ပေါင် (၁၃၂) သန်းဖြင့် ပြန်လည်ရောင်းချရန် စီစဉ်နေခြင်း ဖြစ်သည်။

သို့သော် လက်ရှိအချိန်ထိ ဘယ်လင်ဟမ်အတွက် မည်သည့်အသင်းကမှ တရားဝင်ကမ်းလှမ်းမရှိသေးကြောင်း ဆီဘက်ရှန်ခါးလ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆီဘက်ရှန်ခါးလ်က ”ဘယ်လင်ဟမ်ဟာ ဒေါ့မွန်မှာ အဆင်ပြေနေပါတယ်။ သူနဲ့ ကျွန်တော်တို့ ဆွေးနွေးမှုတွေ မလုပ်ရသေးသလို၊ သူ့အတွက် ဘာကမ်းလှမ်းမှုမှလည်း ကျွန်တော်တို့ လက်ခံရထားမျိုး မရှိသေးပါဘူး။ သူ့ရဲ့စာချုပ်က သက်တမ်း (၂)နှစ်ကျန်ပါသေးတယ်။ သူဟာ အသင်းအတွက် အရမ်းအရေးပါသူဖြစ်ပြီး အသင်းမှာ အကြာကြီး ရှိနေစေချင်ပါတယ်”ဟု ဆိုခဲ့သည်။

About the author

Author