Bundesliga

■ ဂျာမနီနဲ့ ကံမစပ်တဲ့ မာကိုရူးစ်ရဲ့ အဓိက ပြိုင်ပွဲလွဲချော်မှုများ

Written by Author

ဒေါ့မွန်တောင်ပံကစားသမား မာကိုရူးစ်ဟာ လက်ရွေးစင်အသင်းနဲ့ ပတ်သက်ရင် အဓိက ပြိုင်ပွဲကြီးတွေနဲ့ ကံမစပ်သူလို့ ဆိုရမှာပါ။ ကစားသမားဘဝတစ်လျှောက် မာကိုရူးစ် လွဲချော်ခဲ့တဲ့ လက်ရွေးစင်ကစားသမားဘ၀ အဓိကပြိုင်ပွဲတွေကို ကြည့်မယ်ဆိုရင် အခုလို တွေ့ရမှာပါ။

၂၀၁၀ ကမ္ဘာ့ဖလား
— ပဏာမစာရင်းမှာ ပါဝင်ခဲ့ပေမဲ့ ရာသီနောက်ဆုံးပွဲမှာ ခြေထောက်ဒဏ်ရာရရှိမှုကြောင့် လွဲချော်ခဲ့ရ။

၂၀၁၄ ကမ္ဘာ့ဖလား
— ပြိုင်ပွဲဝင်မယ့် အသင်းလူစာရင်းတွင် ပါဝင်ခဲ့ပေမဲ့ နောက်ဆုံးခြေစမ်းပွဲမှာ ခြေချင်းဝတ်ဒဏ်ရာ ရရှိခြင်းကြောင့် နုတ်ထွက်ခဲ့ရ။

ယူရို-၂၀၁၆
— ပေါင်ခြံဒဏ်ရာ ရရှိနေခြင်းကြောင့် ယူရိုပြိုင်ပွဲဝင်မယ့် အသင်းလူစာရင်းမှာ ရွေးချယ်ခြင်းမခံခဲ့ရ။

ယူရို-၂၀၂၀
— ယူရိုပြိုင်ပွဲကို ကိုဗစ်ကြောင့် တစ်နှစ်ကြာရွှေ့ဆိုင်းခဲ့ရပြီး ပြန်လည်ကျင်းပတဲ့ ၂၀၂၁ ခုနှစ်မှာ ကြံ့ခိုင်မှု မပြည့်တာကြောင့် ဝင်မပြိုင်ဖို့ ဆုံးဖြတ်ခဲ့။

-Zawgyi

■ ဂ်ာမနီနဲ႔ ကံမစပ္တဲ့ မာကို႐ူးစ္ရဲ႕ အဓိက ၿပိဳင္ပြဲလြဲေခ်ာ္မႈမ်ား

ေဒါ့မြန္ေတာင္ပံကစားသမား မာကို႐ူးစ္ဟာ လက္ေ႐ြးစင္အသင္းနဲ႔ ပတ္သက္ရင္ အဓိက ၿပိဳင္ပြဲႀကီးေတြနဲ႔ ကံမစပ္သူလို႔ ဆိုရမွာပါ။ ကစားသမားဘဝတစ္ေလွ်ာက္ မာကို႐ူးစ္ လြဲေခ်ာ္ခဲ့တဲ့ လက္ေ႐ြးစင္ကစားသမားဘ၀ အဓိကၿပိဳင္ပြဲေတြကို ၾကည့္မယ္ဆိုရင္ အခုလို ေတြ႕ရမွာပါ။

၂၀၁၀ ကမာၻ႔ဖလား
— ပဏာမစာရင္းမွာ ပါဝင္ခဲ့ေပမဲ့ ရာသီေနာက္ဆုံးပြဲမွာ ေျခေထာက္ဒဏ္ရာရရွိမႈေၾကာင့္ လြဲေခ်ာ္ခဲ့ရ။

၂၀၁၄ ကမာၻ႔ဖလား
— ၿပိဳင္ပြဲဝင္မယ့္ အသင္းလူစာရင္းတြင္ ပါဝင္ခဲ့ေပမဲ့ ေနာက္ဆုံးေျခစမ္းပြဲမွာ ေျခခ်င္းဝတ္ဒဏ္ရာ ရရွိျခင္းေၾကာင့္ ႏုတ္ထြက္ခဲ့ရ။

ယူ႐ို-၂၀၁၆
— ေပါင္ၿခံဒဏ္ရာ ရရွိေနျခင္းေၾကာင့္ ယူ႐ိုၿပိဳင္ပြဲဝင္မယ့္ အသင္းလူစာရင္းမွာ ေ႐ြးခ်ယ္ျခင္းမခံခဲ့ရ။

ယူ႐ို-၂၀၂၀
— ယူ႐ိုၿပိဳင္ပြဲကို ကိုဗစ္ေၾကာင့္ တစ္ႏွစ္ၾကာေ႐ႊ႕ဆိုင္းခဲ့ရၿပီး ျပန္လည္က်င္းပတဲ့ ၂၀၂၁ ခုႏွစ္မွာ ႀကံ့ခိုင္မႈ မျပည့္တာေၾကာင့္ ဝင္မၿပိဳင္ဖို႔ ဆုံးျဖတ္ခဲ့။

About the author

Author