Bundesliga

■ မာနေးကို လူတွေ ဘာကြောင့် ချစ်ကြတာလဲ

Written by Author

ဆီနီဂေါလက်ရွေးစင်တိုက်စစ်ကစားသမား ဆာဒီယိုမာနေးဟာ ကမ္ဘာပေါ်မှာ မုန်းသူမရှိနိုင်တဲ့ ပရိသတ် အချစ်ခံရဆုံး ဘောလုံးသမားတွေထဲမှာ ထိပ်ဆုံးက မဟုတ်ရင်တောင် ထိပ်ပိုင်းက ပါဝင်တဲ့ ဘောလုံးသမားဆိုတာ အငြင်းပွားစရာ မရှိပါဘူး။

ဘောလုံးကစားတာ သန့်ရှင်းသလို၊ အရှုပ်အထွေးလည်း ကင်းပြီး ဘဝကို ရိုးသားစွာ ဖြတ်သန်းတာကြောင့် မာနေးဟာ ဘောလုံးကမ္ဘာမှာ ထင်ရှားသလို၊ ဝင်ငွေတွေ များစွာ ရရှိပေမဲ့ မာန်မာနထောင်လွှားခြင်းမရှိဘဲ ဖုန်းအစုတ်လေးကို မြတ်နိုးစွာ ကိုင်တွယ်ခြင်းကလည်း ပရိသတ်အကြား ထင်ရှားပါတယ်။

ပြီးတော့ မာနေးဟာ သူ ရှာဖွေလို့ ရရှိတဲ့ ငွေကြေးတွေ၊ စည်းစိမ်ဥစ္စာတွေကို တစ်ကိုယ်တည်း ကိုယ်ကျိုးအတွက်ထက် ဆင်းရဲနွမ်းပါးတဲ့ သူ့နိုင်ငံ ဆီနီဂေါအတွက် စာသင်ကျောင်းဆောက်ပေးတာ၊ ဆေးရုံနဲ့ အခြေခံလိုအပ်ချက်တွေအတွက် အသုံးပြုခဲ့ပါတယ်။

ဒါကြောင့် မာနေးဟာ ဆီနီဂေါမှာ အချစ်ခံရဆုံး သူရဲကောင်းတစ်ဦး ဖြစ်ပြီး ဆင်းရဲနွမ်းပါးတဲ့ ဘဝက လာခဲ့ရတဲ့ ဘဝအကြောင်းကိုလည်း ကောင်းကောင်း နားလည်သူ ဖြစ်ပါတယ်။ မာနေးရဲ့ ဘောလုံးသမားဘ၀ ခံယူချက် ဘယ်လောက်ထိ ချစ်စရာကောင်းတယ်ဆိုတာ သူ့ရဲ့ ပြောစကားကို ကြည့်ရင် သိနိုင်ပါတယ်။

မာနေးက “ကျွန်တော့်ကိုယ် ကျွန်တော် တခြားကစားသမားတွေထက် ကောင်းတယ်လို့ ကျွန်တော် မမြင်ပါဘူး။ ကျွန်တော် ကွင်းအတွင်းကို ဝင်ရောက်ပြီး ကိုယ် လုပ်ရမယ့်အလုပ်ကို အကောင်းဆုံး လုပ်တယ်။

ကျွန်တော် စိတ်ပူတာက ဆီနီဂေါမှာ ရှိတဲ့ ကျွန်တော့်ရွာက လူတွေ နောက်နေ့ ဘာစားကြမလဲဆိုတာပါပဲ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ကွင်းထဲမှာ ကျွန်တော့် နေရာ မပျောက်အောင် အကောင်းဆုံး ကြိုးစားလေ့ရှိပါတယ်”လို့ ပြောဆိုခဲ့တာပါ။

-Zawgyi

■ မာေနးကုိ လူေတြ ဘာေၾကာင့္ ခ်စ္ၾကတာလဲ

ဆီနီေဂါလက္ေရြးစင္တုိက္စစ္ကစားသမား ဆာဒီယုိမာေနးဟာ ကမၻာေပၚမွာ မုန္းသူမရွိႏုိင္တဲ့ ပရိသတ္ အခ်စ္ခံရဆုံး ေဘာလုံးသမားေတြထဲမွာ ထိပ္ဆုံးက မဟုတ္ရင္ေတာင္ ထိပ္ပုိင္းက ပါ၀င္တဲ့ ေဘာလုံးသမားဆုိတာ အျငင္းပြားစရာ မရွိပါဘူး။

ေဘာလုံးကစားတာ သန္႔ရွင္းသလုိ၊ အ႐ႈပ္အေထြးလည္း ကင္းၿပီး ဘ၀ကုိ ႐ုိးသားစြာ ျဖတ္သန္းတာေၾကာင့္ မာေနးဟာ ေဘာလုံးကမၻာမွာ ထင္ရွားသလုိ၊ ၀င္ေငြေတြ မ်ားစြာ ရရွိေပမဲ့ မာန္မာနေထာင္လႊားျခင္းမရွိဘဲ ဖုန္းအစုတ္ေလးကုိ ျမတ္ႏုိးစြာ ကုိင္တြယ္ျခင္းကလည္း ပရိသတ္အၾကား ထင္ရွားပါတယ္။

ၿပီးေတာ့ မာေနးဟာ သူ ရွာေဖြလုိ႔ ရရွိတဲ့ ေငြေၾကးေတြ၊ စည္းစိမ္ဥစၥာေတြကုိ တစ္ကုိယ္တည္း ကုိယ္က်ဳိးအတြက္ထက္ ဆင္းရဲႏြမ္းပါးတဲ့ သူ႕ႏုိင္ငံ ဆီနီေဂါအတြက္ စာသင္ေက်ာင္းေဆာက္ေပးတာ၊ ေဆး႐ုံနဲ႔ အေျခခံလိုအပ္ခ်က္ေတြအတြက္ အသုံးျပဳခဲ့ပါတယ္။

ဒါေၾကာင့္ မာေနးဟာ ဆီနီေဂါမွာ အခ်စ္ခံရဆုံး သူရဲေကာင္းတစ္ဦး ျဖစ္ၿပီး ဆင္းရဲႏြမ္းပါးတဲ့ ဘ၀က လာခဲ့ရတဲ့ ဘ၀အေၾကာင္းကုိလည္း ေကာင္းေကာင္း နားလည္သူ ျဖစ္ပါတယ္။ မာေနးရဲ႕ ေဘာလုံးသမားဘ၀ ခံယူခ်က္ ဘယ္ေလာက္ထိ ခ်စ္စရာေကာင္းတယ္ဆုိတာ သူ႕ရဲ႕ ေျပာစကားကုိ ၾကည့္ရင္ သိႏုိင္ပါတယ္။

မာေနးက “ကၽြန္ေတာ့္ကုိယ္ ကၽြန္ေတာ္ တျခားကစားသမားေတြထက္ ေကာင္းတယ္လုိ႔ ကၽြန္ေတာ္ မျမင္ပါဘူး။ ကၽြန္ေတာ္ ကြင္းအတြင္းကုိ ၀င္ေရာက္ၿပီး ကုိယ္ လုပ္ရမယ့္အလုပ္ကုိ အေကာင္းဆုံး လုပ္တယ္။

ကၽြန္ေတာ္ စိတ္ပူတာက ဆီနီေဂါမွာ ရွိတဲ့ ကၽြန္ေတာ့္ရြာက လူေတြ ေနာက္ေန႔ ဘာစားၾကမလဲဆုိတာပါပဲ။ ဒါေၾကာင့္ ကၽြန္ေတာ့္အေနနဲ႔ ကြင္းထဲမွာ ကၽြန္ေတာ့္ ေနရာ မေပ်ာက္ေအာင္ အေကာင္းဆုံး ႀကိဳးစားေလ့ရွိပါတယ္”လုိ႔ ေျပာဆုိခဲ့တာပါ။

About the author

Author