Bundesliga

■ ဘိုင်ယန်သမိုင်းမှာ အိုလီဗာခန်းကို ကျော်ခဲ့တဲ့သူ

Written by Author

ဘိုင်ယန်မြူးနစ်ဝါရင့်တိုက်စစ်ကစားသမား သောမတ်စ်မူလာဟာ ယူနီယံဘာလင်နဲ့မှာ လူစားဝင်ကစားပြီးနောက် အသင်းအတွက် ပြိုင်ပွဲစုံ (၆၃၃) ပွဲပြည့်မြောက်ခဲ့ပြီး အသင်းဂန္ထဝင်ဂိုးသမား အိုလီဗာခန်း (၆၃၂ ပွဲ)ကို ကျော်ဖြတ်ကာ အသင်းသမိုင်းတစ်လျှောက် ဒုတိယမြောက် ပြိုင်ပွဲစုံပွဲ အများဆုံးကစားသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အသက် (၃၂)နှစ်အရွယ်ရှိ မူလာဟာ ဘိုင်ယန်မြူးနစ်အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၀၈ မှာ ဘိုင်ယန်မြူးနစ်အသင်းကြီးအတွက် စတင်ပွဲကစားခွင့်ရခဲ့ကာ (၁၄)နှစ်အကြာမှာတော့ အခုလိုအသင်းသမိုင်းမှာ ပြိုင်ပွဲစုံ ဒုတိယပွဲအများဆုံးမှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းသမိုင်းတစ်လျှောက် ပြိုင်ပွဲစုံ ပွဲအများဆုံးကစားသူအဖြစ် စံချိန်တင်ရှိထားသူမှာ ဂန္ထဝင်ဂိုးသမားတစ်ဦးပင်ဖြစ်တဲ့ ဆပ်မိုင်ယာ (၇၀၀ ပွဲ) ဖြစ်ပြီး မူလာအနေနဲ့ သူ့စံချိန်ကို ကျော်ဖြတ်ဖို့ ဆိုရင် (၆၈) ပွဲ ထပ်ကစားရဦးမှာပါ။

ပြီးတော့ မူလာဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ (၂၂၈)ဂိုး အထိသွင်းယူပေးထားပြီး ဂတ်မူလာ (၅၆၃ ဂိုး)၊ လီဝန်ဒေါစကီး (၃၄၄ ဂိုး) တို့ပြီးနောက် အသင်းသမိုင်းတစ်လျှောက် တတိယမြောက်ပြိုင်ပွဲစုံ ဂိုးအများဆုံးသွင်းယူသူအဖြစ် မှတ်တမ်းဝင်ထားပါတယ်။

မူလာဟာ ဘွန်ဒစ်လီဂါတွင်ဂိုးဖန်တီးမှု (၁၅၂) ကြိမ်အထိပြုလုပ်ထားကာ ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးဖန်တီးမှုအများဆုံး ပြုလုပ်သူအဖြစ်လည်း မှတ်တမ်းဝင်ထားကြောင်း ဂျာမန်အားကစားသတင်းစာ Bild က ဖော်ပြခဲ့ပါတယ်။

-Zawgyi

■ ဘုိင္ယန္သမုိင္းမွာ အုိလီဗာခန္းကုိ ေက်ာ္ခဲ့တဲ့သူ

ဘိုင္ယန္ျမဴးနစ္ဝါရင့္တိုက္စစ္ကစားသမား ေသာမတ္စ္မူလာဟာ ယူနီယံဘာလင္နဲ႔မွာ လူစားဝင္ကစားၿပီးေနာက္ အသင္းအတြက္ ၿပိဳင္ပြဲစုံ (၆၃၃) ပြဲျပည့္ေျမာက္ခဲ့ၿပီး အသင္းဂႏၴဝင္ဂိုးသမား အိုလီဗာခန္း (၆၃၂ ပြဲ)ကို ေက်ာ္ျဖတ္ကာ အသင္းသမိုင္းတစ္ေလွ်ာက္ ဒုတိယေျမာက္ ၿပိဳင္ပြဲစုံပြဲ အမ်ားဆုံးကစားသူအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။

အသက္ (၃၂)ႏွစ္အ႐ြယ္ရွိ မူလာဟာ ဘိုင္ယန္ျမဴးနစ္အကယ္ဒမီထြက္ ကစားသမားတစ္ဦးျဖစ္ၿပီး ၂၀၀၈ မွာ ဘိုင္ယန္ျမဴးနစ္အသင္းႀကီးအတြက္ စတင္ပြဲကစားခြင့္ရခဲ့ကာ (၁၄)ႏွစ္အၾကာမွာေတာ့ အခုလုိအသင္းသမိုင္းမွာ ၿပိဳင္ပြဲစုံ ဒုတိယပြဲအမ်ားဆုံးမွတ္တမ္းကုိ ပုိင္ဆုိင္ခဲ့တာပါ။

ဘိုင္ယန္ျမဴးနစ္အသင္းသမိုင္းတစ္ေလွ်ာက္ ၿပိဳင္ပြဲစုံ ပြဲအမ်ားဆုံးကစားသူအျဖစ္ စံခ်ိန္တင္ရွိထားသူမွာ ဂႏၴဝင္ဂိုးသမားတစ္ဦးပင္ျဖစ္တဲ့ ဆပ္မိုင္ယာ (၇၀၀ ပြဲ) ျဖစ္ၿပီး မူလာအေနနဲ႔ သူ႕စံခ်ိန္ကုိ ေက်ာ္ျဖတ္ဖုိ႔ ဆုိရင္ (၆၈) ပဲြ ထပ္ကစားရဦးမွာပါ။

ၿပီးေတာ့ မူလာဟာ ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ ၿပိဳင္ပြဲစုံ (၂၂၈)ဂိုး အထိသြင္းယူေပးထားၿပီး ဂတ္မူလာ (၅၆၃ ဂိုး)၊ လီဝန္ေဒါစကီး (၃၄၄ ဂိုး) တုိ႔ၿပီးေနာက္ အသင္းသမိုင္းတစ္ေလွ်ာက္ တတိယေျမာက္ၿပိဳင္ပြဲစုံ ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ မွတ္တမ္းဝင္ထားပါတယ္။

မူလာဟာ ဘြန္ဒစ္လီဂါတြင္ဂိုးဖန္တီးမႈ (၁၅၂) ႀကိမ္အထိျပဳလုပ္ထားကာ ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ဂိုးဖန္တီးမႈအမ်ားဆုံး ျပဳလုပ္သူအျဖစ္လည္း မွတ္တမ္းဝင္ထားေၾကာင္း ဂ်ာမန္အားကစားသတင္းစာ Bild က ေဖာ္ျပခဲ့ပါတယ္။

About the author

Author