Serie A

■ ချွတ်ခြုံကျနေတဲ့ စီးရီးအေရဲ့ ရင်လေးစရာအနာဂတ်

Written by Author

စီးရီးအေပြိုင်ပွဲ၏ ကြွေးမြီပမာဏမှာ ယူရို (၁ .၀၆၈) ဘီလီယံအထိရှိလာပြီး အနာဂတ်ရပ်တည်ရေးအတွက် စိုးရိမ်စရာဖြစ်လာကြောင်း အီတလီမီဒီယာများက သတိပေးခဲ့သည်။ UEFA က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကိုဗစ်ကပ်ဘေးကာလအလွန် ဥရောပဘောလုံးလောက၏ ဘဏ္ဍာရေးအခြေအနေများကို ထုတ်ပြန်ကြေညာခဲ့ရာ စီးရီးအေပြိုင်ပွဲ၏ ကြွေးမြီမြီပမာဏမှာ ပြီးခဲ့သည့်နှစ်ကထက် (၂၂)ရာခိုင်နှုန်း၊ ကိုဗစ်ကာလမတိုင်မီထက် (၅၁)ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း သိရသည်။

ဥရောပထိပ်တန်းလိဂ် (၅)ခု၏ ဘဏ်များမှ ရယူထားသည့် ကြွေးမြီပမာဏမှာ ယူရို (၇ .၅)ဘီလီယံအထိမြင့်တက်လာပြီး သက်ဆိုင်ရာပြည်တွင်းနိုင်ငံအတွင်း ချေးယူထားသောကြွေးမြီပမာဏက ယူရို (၂ .၅)ဘီလီယံရှိသဖြင့် စုစုပေါင်း ကြွေးမြီပမာဏသည် ယူရို (၁၀)ဘီလီယံရှိနေကြောင်း သိရသည်။

ဥရောပထိပ်တန်းလိဂ် (၅)ခုတွင် ကြွေးမြီပမာဏ အများဆုံးလိဂ်မှာ လာလီဂါဖြစ်ပြီး လာလီဂါပြီးနောက် ပရီးမီးယားလိဂ်က ဒုတိယနေရာရပ်တည်နေကာ စီးရီးအေပြိုင်ပွဲမှာမူ တတိယကြွေးမြီအများဆုံးအဖြစ် ရှိနေသည်။ စီးရီးအေ ပြိုင်ပွဲ၏ ကြွေးမြီပမာဏ ယူရို (၁ .၀၆၈)ဘီလီယံ၏ (၉၀) ရာခိုင်နှုန်းမှာ အင်တာမီလန်၊ ရိုးမားနှင့် ဂျူဗင်တပ်စ်အသင်း တို့အပေါ် တင်ရှိနေခြင်းဖြစ်သည်။

အင်တာမီလန်အသင်းသည် ကြွေးမြီယူရိုသန်း (၃၉၀)၊ ရိုးမားအသင်းသည် ကြွေးမြီယူရို (၂၇၁) သန်းနှင့် ဂျူဗင်တပ်စ်အသင်းသည် ကြွေးမြီယူရို (၂၂၃) သန်းရှိနေခြင်းဖြစ်ကြောင်း Corriere dello Sport က ဖော်ပြခဲ့သည်။ ဂျူဗင်တပ်စ်အသင်းသည် ယခင်ကြွေးမြီ ယူရိုသန်း (၂၅၀)မှ လျှော့ချနိုင်ခဲ့ခြင်းဖြစ်ပြီး ကြွေးမြီလုံးဝမရှိသည့်စီးရီးအေအသင်းအဖြစ် နာပိုလီ ရပ်တည်နေပြီး လက်ရှိချန်ပီယံအေစီမီလန်အသင်း၏ ကြွေးမြီပမာဏမှာလည်း ယူရို (၇၁)သန်း ဝန်းကျင်သာရှိကြောင်း သိရသည်။

About the author

Author