Bundesliga

■ လီဝန်ဒေါစကီးကို သောမတ်မူလာ စိန်ခေါ်ပြီ

Written by Author

ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး သောမတ်မူလာအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ မဲခွဲ့ပွဲအပြီးမှာ သူတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတဲ့ အသင်းဖော်ဟောင်း လီဝန်ဒေါစကီးကို ပြန်လည်စိန်ခေါ်စကားပြောဆိုခဲ့ပါတယ်။

ဒီနေရာမှာ စိတ်ဝင်စားစရာအကောင်းဆုံး အုပ်စုက GROUP C ဖြစ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ အင်တာမီလန်နဲ့ ပလာဇန်တို့ တစ်အုပ်စုတည်းကျရောက်ခဲ့ပါတယ်။ ဘိုင်ယန်မြူုးနစ်နဲ့ ဘာစီလိုနာတို့ဟာ နောက်ပိုင်းနှစ် ချန်ပီယံလိဂ်မှာ တော်တော်လေး ရေစက်ဆုံလွန်းကြတဲ့အသင်းတွေလို့ ဆိုရမှာ ဖြစ်ပါတယ်။

၂၀၁၉-၂၀ ခုနှစ်က ကိုဗစ်ကပ်ဘေးကာလအတွင်း ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ တွေ့ဆုံစဉ်က ဘိုင်ယန်မြူးနစ်က ၈-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့မှုက သူတို့နှစ်သင်းအကြားက လူပြောအများဆုံးပွဲစဉ်ပါ။ ပြီးခဲ့တဲ့နှစ်ကလည်း ဒီနှစ်သင်း အုပ်စုအဆင့်မှာ တွေ့ဆုံခဲ့ဖူးပြီး ဘိုင်ယန်မြူးနစ်က အိမ်ကွင်းရော၊ အဝေးကွင်းမှာပါ နှစ်ကျော့စလုံး ၃ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

ဒီနှစ်အပြောင်းအရွှေ့မှာ ဘာစီလိုနာနဲ့တွေ့တိုင်း ဂိုးမြူးလေ့ရှိတဲ့ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ဘာစီလိုနာကို ပြောင်းရွှေ့လာခဲ့ပါတယ်။ ဒါကြောင့် လီဝန်ဒေါစကီးဟာ ဘာစီလိုနာကို ရောက်ရောက်ချင်းနှစ်မှာပဲ အသင်းဟောင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် ပြန်လည်ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ဒီပွဲစဉ်က ချန်ပီယံလိဂ်အုပ်စုအဆင့်ရဲ့ အကောင်းဆုံးပွဲစဉ်ဖြစ်လာမှာဖြစ်ပြီး ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး သောမတ်လူလာက ဘာစီလိုနာနဲ့ လီဝန်ဒေါစကီးကို ရင်ဆိုင်ဖို့ စိတ်ဓာတ်တွေ တက်ကြွနေပုံပါပဲ။ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွေ မဲခွဲပြီးပြီးချင်းမှာပဲ မူလာက လီဝန်ဒေါစကီးကို စိန်ခေါ်စကားပြောဆိုခဲ့ပါတယ။်

“ဘောလုံးပရိသတ်တွေအတွက် တကယ့်ကိုကောင်းမွန်တဲ့ မဲခွဲမှုပါ။ Mr.လီဝန်ဒေါစကီးရေ..မကြာခင် မြူးနစ်မှာ တွေ့ကြတာပေါ့ကွာ။ ချန်ပီယံလိဂ်ရာသီကို ဖြတ်သန်းလိုက်ကြစို့”လို့ သောမတ်မူလာက ဖွင့်ဟခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ် ကစားသမားအဖြစ် ဘာစီလိုနာကို ၄ ဂိုးသွင်းကာ ဂိုးဖန်တီးမှု နှစ်ကြိမ်ပြုလုပ်ခဲ့တဲ့ လီဝန်ဒေါစကီးအနေနဲ့ ဘာစီလိုနာဂျာစီကို ဝတ်ထားချိန်မှာရော အသင်းးဟောင်းကို ဂိုးပြန်သွင်းနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။

About the author

Author