other league

■ မန်ယူနဲ့ လမ်းခွဲခဲ့တဲ့အခြေအနေကို ပြန်ပြောင်းပြောပြခဲ့တဲ့ စီရော်နယ်လ်ဒို

Written by Author

ဆော်ဒီကလပ် အယ်လ်နာဆာအသင်း၏ ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက မန်ယူအသင်းတွင် ဆိုးရွားသည့်အခိုက်အတန့် ကြုံခဲ့ရသော်လည်း နောင်တရနေရန် အချိန်မရှိဟု ပြောကြားခဲ့သည်။

မန်ယူအသင်းနှင့်အတူ အောင် မြင်မှုများစွာရယူနိုင်ခဲ့သူ စီရော်နယ်လ်ဒိုသည် ဒုတိယအကြိမ် ပြန်လည်သွားရောက်ကစားစဉ် အဆင်မပြေမှုများ ကြုံတွေ့ခဲ့ရပြီး ၂၀၂၂ ကမ္ဘာ့ဖလားမတိုင်မီ ပြုလုပ်ခဲ့သော အင်တာဗျူး အစီအစဉ်ကြောင့် နိုဝင်ဘာတွင် နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းသည် အထိ အခြေအနေဆိုးရွားခဲ့သည်။

ထို့နောက် စီရော်နယ်လ်ဒိုသည် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းသို့ (၂)နှစ်ခွဲစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ပြီး ဘောလုံးသမိုင်းတစ်လျှောက် အမြင့် ဆုံးလစာအဖြစ် တစ်နှစ်လျှင် ယူရို သန်း (၂၀၀)အထိ ရရှိနေသည်။

မန်ယူအသင်းနှင့် လမ်းခွဲခဲ့ခြင်းအပေါ် စီရော်နယ်လ်ဒိုက “ကျွန်တော့် အနေနဲ့ ကစားသမားဘဝအတွက် ဆိုးရွားတဲ့အချိန်ဖြစ်ခဲ့ရတယ်လို့ ပြောရင်လည်း ပြဿနာမရှိပါဘူး။ ဒါပေမဲ့ နောင်တရနေဖို့ အချိန်မရှိပါဘူး။ ဘဝဆိုတာ ဆက်ပြီးသွားရမှာပါ။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အဲဒါက ကျွန်တော့်ကို တိုးတက်လာစေဖို့ အစိတ်အပိုင်းတစ်ခုပါပဲ။

ကျွန်တော်တို့အနေနဲ့ တောင်ထိပ်ကိုရောက်တဲ့အခါ အောက်မှာ ဘာတွေဖြစ်နေလဲဆိုတာ ခဏခဏ မကြည့်နိုင်ပါဘူး။ အခုအချိန်မှာ ကျွန်တော် ပိုပြင်ဆင်ပြီး သင်ယူမှုတွေ လုပ်နေတယ်။ အဲဒါက အရေးကြီးပါတယ်။ ပြီးခဲ့တဲ့လတွေမှာ ဘာဖြစ်ခဲ့လဲဆိုတာ မတွေးခဲ့လို့ အခုဆိုရင် ပိုကောင်းတဲ့သူဖြစ်နေပါပြီ”ဟု ပြောကြားခဲ့သည်။

About the author

Author