other league

■ နိုင်ငံ ၃ နိုင်ငံမှာ ၄၈ သင်းပြိုင်မယ့် ကမ္ဘာ့ဖလားအတွက် မြို့နဲ့ကွင်းတွေ ထွက်လာပြီ

Written by Author

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် ၄၈ သင်းပြိုင်ပွဲအဖြစ် ပထမဆုံးအကြိမ်ကျင်းပမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မြို့နှင့် ကွင်းများကို အတည်ပြုထုတ်ပြန်ခဲ့ကြောင်း သိရသည်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံ၌ ပူးတွဲလက်ခံကျင်းပမည်ဖြစ်ပြီး အဆိုပြုတင်ပြထားသည့် မြို့ပေါင်း ၄၁ မြို့အနက်မှ ၁၆ မြို့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အနက် အမေရိကန်နိုင်ငံရှိ ၁၁ မြို့၊ မက္ကဆီကိုနိုင်ငံရှိ သုံးမြို့နှင့် ကနေဒါနိုင်ငံရှိ နှစ်မြို့၌ လက်ခံကျင်းပမည်ဖြစ်သည်။

FIFA၏ ထုတ်ပြန်မှု အရ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ပရိသတ် ၈၂၅၀၀ ဝင်ဆံ့သည် Metlife Stadium ၊ ဒဲလက်စ်မြို့ရှိ ပရိသတ် ၈၀၀၀၀ ဝင်ဆံ့သည့် A&T Stadium ၊ ကန်းဆက်စ် မြို့ရှိ ပရိသတ် ၇၆၄၁၆ ဦးဝင်ဆံ့သည့် Arrowhead Stadium ၊ ဟူစတန်မြို့ရှိ ပရိသတ် ၇၂၂၂၀ ဝင်ဆံ့သည့် NRG Stadium ၊ အတ္တလန္တာမြို့ရှိ ပရိသတ် ၇၁၀၀၀ ဝင်ဆံ့သည့် Marcedes-Benz Stadium ၊ လော့စ်အိန်ဂျလိစ်မြို့ရှိ ပရိသတ် ၇၀၂၄၀ ဝင်ဆံ့သည့် SoFi Stadium ၊ ဖီလာဒဲလ်ဖီးယားမြို့ရှိ ပရိသတ် ၆၉၇၉၆ ဦး ဝင်ဆံ့သည့် Lincoln Financial Stadium ၊

ဆီယက်တဲလ်မြို့ရှိ ပရိသတ် ၆၉၀၀၀ ဝင်ဆံ့သည့် Lumen Field Stadium ၊ ဆန်ဖရန်ဆစ္စကိုမြို့ရှိ ပရိသတ် ၆၈၅၀၀ ဝင်ဆံ့သည်Levi’s Stadium ၊ ဘော်စတွန်မြို့ရှိ ပရိသတ် ၆၅၈၇၈ ဦးဝင်ဆံ့သည်Gillette Stadium ၊ မိုင်ယာမီမြို့ရှိ ပရိသတ် ၆၄၇၆၇ ဦးဝင်ဆံ့သည့် Hard Rock Stadium ၊ မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့ရှိ ပရိသတ် ၈၇၅၂၃ ဦးဝင်ဆံ့သည့် Estadio Azteca၊ မွန်တာရေးမြို့ရှိ ပရိသတ် ၅၃၅၀၀ ဝင်ဆံ့သည့် Estadio BBVA ၊ ဂွါဒါလာဂျာရာမြို့ရှိ ပရိသတ် ၄၉၈၅၀ ဝင်ဆံ့သည့် Estadio Akron ၊ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ရှိ ပရိ သတ် ၅၄၅၀၀ ဝင်ဆံ့သည့် BC Place ၊ တိုရွန်တိုမြို့ရှိ ပရိသတ် ၃၀၀၀၀ ဝင်ဆံ့သည့် BMO Field ကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၃၂ သင်းမှ ၄၈ သင်းသို့ ပထမဆုံးအကြိမ် တိုးမြှင့်ကျင်းပ မည့်ပြိုင်ပွဲဖြစ်ပြီး စုစုပေါင်း ပွဲ ၈၀ အနက် အမေရိကန်နိုင်ငံ၌ ကွာတားဖိုင်နယ်၊ ဆီမီး ဖိုင်နယ်နှင့် ဗိုလ်လုပွဲအပါအဝင် ပွဲ ၆၀၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံ၌ ၁၀ ပွဲစီ လက်ခံကျင်းပမည်ဖြစ်သည်။ ထို့ပြင် ကမ္ဘာ့ဖလားပြိုင်ပွဲအား နိုင်ငံသုံးနိုင်ငံ၌ လက်ခံကျင်းပခြင်းမှာလည်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။

About the author

Author