other league

■ ဘောလုံးသမိုင်းတစ်လျှောက် အမြန်ဆုံးအနီကတ် ပြသခံခဲ့ရသူကို သိပါသလား

Written by Author

အနီကတ်ဆိုတာ ဘောလုံးသမားတိုင်း မလိုချင်ဆုံး အရာတစ်ခုပါ။ ဒါတောင် တချို့ကစားသမားတွေက အနီကတ်ကို ရည်ရွှွယ်ချက်ရှိရှိနဲ့ကို ယူတတ်ကြပါသေးတယ်။ ဒါပေမယ့်လည်း ကစားသမားတိုင်းကတော့ အနီကတ်အပြခံရမယ်ဆိုရင် ကြောက်လန့်သွားတတ်ပါတယ်။ ကိုယ်ကျူးလွန်မိတဲ့ ပြစ်ဒဏ်ကြောင့် အနီကတ်ပြခံရတယ်ဆိုပေမယ့်လည်း ကိုယ်လုပ်ခဲ့တာက တော်တော်လေးကို ဆိုးရွားနေတယ်ဆိုရင် အနီကတ်ကြောင့် ၃ပွဲအပယ်ခံရရုံတင်မကပဲ နောက်ထပ်ပွဲတွေပါ ထပ်အပယ်ခံရနိုင်သလို ဒဏ်ကြေးတွေလည်း ဆောင်ရနိုင်ပါတယ်။

အနီကတ်နဲ့ပတ်သက်ပြီး ပြောစရာတွေကတော့ အများကြီးပါပဲ။ ဒီထဲကမှ အမြန်ဆုံး အနီကတ်ပြခံရတဲ့ ကစားသမားတွေအကြောင်းကို ရွေးချယ်ပြောပြချင်ပါတယ်။ ပရိသတ်တွေ သတိထားမိခဲ့တဲ့ အမြန်ဆုံး အနီကတ်ပြခံရမှုတစ်ခုရှိတယ်။ ဒီအနီကတ်ကို ရရှိခဲ့သူကတော့ လီဗာဘူးအသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး စတီဗင်ဂျရတ်ပါပဲ။ ၂၀၁၅ခုနှစ်က မန်ယူအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲရဲ့ ဒုတိယပိုင်းအစ ၃၆ စက္ကန့်လေးမှာ အထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

အခုပြောပြချင်တာက ဂျရတ်လို ဒုတိယပိုင်းအရောက်မှ အထုတ်ခံရတဲ့ ကစားသမားမျိုးမဟုတ်ပဲ ပွဲစတင်ပြီး စက္ကန့်ပိုင်းလေးအတွင်းမှာ အထုတ်ပယ်ခံခဲ့ရသူအကြောင်းပါ။ သူက ပွဲကစားချိန် ၂စက္ကန့်လေးအတွင်းမှာပဲ အထုတ်ခံခဲ့ရသူပါ။ သူရဲ့နာမည်က လီတောက်ဒ်ဖြစ်ပါတယ်။ တခြားကစားသမားတွေလို ကစားပုံကြမ်းတမ်းတာကြောင့် အနီကတ်ပြခံရတာမျိုးမဟုတ်ပဲ ထူးခြားတဲ့ အချက်တစ်ခုကြောင့် အနီကတ်ပြခံလိုက်ရတာပါ။

အဖြစ်ကတော့ ဒီလိုပါ။ Cross Park Farm Celtic အသင်းနဲ့ Taunton East Reach Wanderers အသင်းတို့ ရင်ဆိုင်ခဲ့ကြတဲ့ပွဲမှာ Cross Park Farm အသင်းရဲ့ ကစားသမား လီတောက်ဒ်ရဲ့နောက်မှာ ကွင်းလယ်ဒိုင်က ရပ်နေတုန်း ဝီစီကို မှုတ်လိုက်ရာမှာ အရမ်းကို အနီးကပ်လွန်းနေတာကြောင့် လီတောက်ဒ်က နားအရမ်းအူသွားခဲံပြီး ချက်ချင်းဆိုသလိုပဲ အနားကပ်ပြီး ဝီစီမှုတ်ခဲ့တဲ့ဒိုင်ကို ကျိန်ဆဲပြောဆိုမိသွားခဲ့ပါတယ်။ ဒါကြောင့် ကွင်းလယ်ဒိုင်က သူ့ကို ဆဲဆိုခဲ့တဲ့ လီတောက်ဒ်ကို တိုက်ရိုက်အနီကတ်ပြပြီးထုတ်ပယ်လိုက်ပါတယ်။

ဒါပေမယ့်လည်း ပွဲအစ ၂စက္ကန့်မှာ လီတောက်ဒ်ကို ဆုံးရှုံးလိုက်ရတဲ့ လီတောက်ဒ်ရဲ့ အသင်းကတော့ ပွဲအပြီးမှာ ပြိုင်ဘက်အသင်းကို ၁၁ဂိုး ၂ဂိုးနဲ့ကို အပြတ်အသတ်အနိုင်ရသွားခဲ့ပါတယ်။

About the author

Author