other league

■ ယူကရိန်းကျူးကျော်စစ်ကို ဆန့်ကျင်ရင် အသတ်ခံရနိုင်တယ်လို့ ဆိုတဲ့ ရုရှားအသင်းခေါင်းဆောင်ဟောင်း

Written by Author

ရုရှားလက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း အီဂေါ်ဒန်နီဆော့ဗ်က ယူကရိန်းအပေါ် ကျူးကျော်တိုက်ခိုက်နေတဲ့ စစ်ပွဲအကြောင်း ဆန့်ကျင်တဲ့စကားပြောမိရင် ထောင်ဒဏ် သို့မဟုတ် သေဒဏ်ပေးခံရလိမ့်မယ်လို့ ဖွင့်ဟဝန်ခံခဲ့တာပါ။

အသက် ၃၈ နှစ်အရွယ် ရုရှားကွင်းလယ်လူဟောင်း ဒန်နီဆော့ဗ်ဟာ ရုရှားလက်ရွေးစင်အဖြစ် ၂၀၀၈ မှ ၂၀၁၆ ခုနှစ်အတွင်း ၅၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၀၁၉ ခုနှစ် မေလမှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှ အနားယူခဲ့သူ ဖြစ်ပါတယ်။

နာမည်ကြီး ရုရှားဂျာနယ်လစ် နိုဘယ်အာရက်စ်အမ်ယန်နဲ့ ပြုလုပ်တဲ့ အင်တာဗျူးအစီအစဉ်မှာ လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်နဲ့ ပတ်သက်လို့ ဒန်နီဆော့ဗ်က “ဒါက ကပ်ဆိုးတစ်ခုဖြစ်ပြီး ပြီးပြည့်စုံတဲ့ ထိတ်လန့်စရာဖြစ်ရပ်ပါ။

ဒီစကားတွေကြောင့် ကျွန်တော့်ကို ထောင်ထဲပို့တာ ဒါမှမဟုတ် သတ်ပစ်တာမျိုး လုပ်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်ကလည်း အဲဒါမျိုးတွေပြောဖြစ်နေတယ်။ အားလုံးကို ရပ်တန့်ပေးမယ်ဆိုရင် ကျွန်တော် ဒူးထောက်ဖို့လည်း အဆင်သင့်ပဲလို့ ပူတင် (သမ္မတ) ဆီ စာရေးပြီး ပို့ခဲ့ပါသေးတယ်”လို့ ဆိုပါတယ်။

ရုရှားနိုင်ငံမှာ နေထိုင်ဆဲဖြစ်တဲ့ ထင်ရှားကျော်ကြားသူတွေဟာ စစ်ပွဲကိုဆန့်ကျင်တဲ့ အကြောင်း ထုတ်ဖော်ပြောဆိုမှု အလွန်နည်းပါးလျက်ရှိကြောင်း သိရပါတယ်။ ရုရှားမီဒီယာများအနေနဲ့လည်း ယူကရိန်းစစ်ပွဲနှင့်ပတ်သက်လို့ “ကျူးကျော်ခြင်း”၊ “စစ်ပွဲ” စတဲ့ စကားလုံးများ သုံးစွဲမိပါက ဒဏ်ကြေး သို့မဟုတ် ထုတ်ဝေခွင့် ပိတ်ပင်ခံရနိုင်တယ်လို့ သိရပါတယ်။

About the author

Author