other league

■ မော်ဒန်ဘောလုံးလောကမှာ ဒီလိုလုပ်နိုင်တာ မက်ဆီ တစ်ယောက်ပဲ ရှိတယ်

Written by Author

ပီအက်စ်ဂျီအသင်းရဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ မော်ဒန်ဘောလုံးလောကမှာ ကလပ်အသင်းအတွက်ရော၊ နိုင်ငံအသင်းအတွက်ပါ တစ်ပွဲတည်း ၅ ဂိုးသွင်းနိုင်ခဲ့တဲ့ ပထမဆုံးနဲ့ တစ်ဦးတည်းသော ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ် မက်ဆီဟာ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ နိုင်ငံတကာခြေစမ်းပွဲ အက်စ်တိုးနီးယား (ဝ-၅) အာဂျင်တီးနားပွဲမှာ အာဂျင်တီးနားအသင်း ရရှိခဲ့တဲ့ အနိုင်ဂိုး ၅ ဂိုးစလုံးကို သွင်းယူခဲ့တာ ဖြစ်ပြီး ဒါဟာ သူ့အတွက် လက်ရွေးစင်ကစားသမားဘ၀ ပထမဆုံးအကြိမ် တစ်ပွဲတည်း ၅ ဂိုး သွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ကစားသမားဘဝမှာဆိုရင်တော့ ဒါဟာ မက်ဆီအတွက် ဒုတိယအကြိမ်မြောက် တစ်ပွဲတည်း ၅ ဂိုး သွင်းလည်း ဖြစ်ပါတယ်။ မက်ဆီဟာ ၂၀၁၂ ခုနှစ်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် ဘာစီလိုနာ (၇-၁) လေဗာကူဆင်ပွဲမှာ တစ်ဦးတည်း ၅ ဂိုး သွင်းယူခဲ့တာပါ။

အဲဒီတုန်းက ဘာစီလိုနာအသင်းမှာ ကစားနေတဲ့ မက်ဆီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းမှာ တစ်ပွဲတည်း ၅ ဂိုးသွင်းတဲ့ ပထမဆုံးကစားသမားအဖြစ်လည်း စံချိန်ရေးထိုးထားတာဖြစ်ပြီး အခုတော့ နိုင်ငံလက်ရွေးစင်အသင်းအတွက်ပါ တစ်ပွဲတည်း ၅ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မော်ဒန်ဘောလုံးလောကမှာ တစ်ပွဲတည်း ၅ ဂိုး သွင်းဖူးတဲ့ ကစားသမားတွေ ထွက်ပေါ်ဖူးပြီး ကလပ်အသင်းအဆင့်မှာ အများဆုံးတွေ့ရပါတယ်။ ဒါပေမဲ့ မက်ဆီလို ချန်ပီယံလိဂ်နဲ့ ဖီဖာ အသိအမှတ်ပြု နိုင်ငံတကာပွဲမှာ တစ်ပွဲတည်း ၅ ဂိုးသွင်းတဲ့ ကစားသမားတော့ မရှိသေးပါဘူး။ ပထမဆုံးနဲ့ တစ်ဦးတည်းဆိုရင်တော့ မက်ဆီပဲ ရှိတာပါ။

-Zawgyi

■ ေမာ္ဒန္ေဘာလုံးေလာကမွာ ဒီလုိလုပ္ႏုိင္တာ မက္ဆီ တစ္ေယာက္ပဲ ရွိတယ္

ပီအက္စ္ဂ်ီအသင္းရဲ႕ အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီဟာ ေမာ္ဒန္ေဘာလုံးေလာကမွာ ကလပ္အသင္းအတြက္ေရာ၊ ႏုိင္ငံအသင္းအတြက္ပါ တစ္ပဲြတည္း ၅ ဂုိးသြင္းႏုိင္ခဲ့တဲ့ ပထမဆုံးနဲ႔ တစ္ဦးတည္းေသာ ကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။

အသက္ ၃၅ ႏွစ္အရြယ္ မက္ဆီဟာ တနဂၤေႏြေန႔က ကစားခဲ့တဲ့ ႏုိင္ငံတကာေျခစမ္းပဲြ အက္စ္တုိးနီးယား (၀-၅) အာဂ်င္တီးနားပဲြမွာ အာဂ်င္တီးနားအသင္း ရရွိခဲ့တဲ့ အႏုိင္ဂုိး ၅ ဂုိးစလုံးကုိ သြင္းယူခဲ့တာ ျဖစ္ၿပီး ဒါဟာ သူ႕အတြက္ လက္ေရြးစင္ကစားသမားဘ၀ ပထမဆုံးအႀကိမ္ တစ္ပဲြတည္း ၅ ဂုိး သြင္းႏုိင္ခဲ့တာလည္း ျဖစ္ပါတယ္။

ဒါေပမဲ့ ကစားသမားဘ၀မွာဆုိရင္ေတာ့ ဒါဟာ မက္ဆီအတြက္ ဒုတိယအႀကိမ္ေျမာက္ တစ္ပဲြတည္း ၅ ဂုိး သြင္းလည္း ျဖစ္ပါတယ္။ မက္ဆီဟာ ၂၀၁၂ ခုႏွစ္က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပဲြစဥ္ ဘာစီလုိနာ (၇-၁) ေလဗာကူဆင္ပဲြမွာ တစ္ဦးတည္း ၅ ဂုိး သြင္းယူခဲ့တာပါ။

အဲဒီတုန္းက ဘာစီလုိနာအသင္းမွာ ကစားေနတဲ့ မက္ဆီဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပဲြသမုိင္းမွာ တစ္ပဲြတည္း ၅ ဂုိးသြင္းတဲ့ ပထမဆုံးကစားသမားအျဖစ္လည္း စံခ်ိန္ေရးထုိးထားတာျဖစ္ၿပီး အခုေတာ့ ႏုိင္ငံလက္ေရြးစင္အသင္းအတြက္ပါ တစ္ပဲြတည္း ၅ ဂုိး သြင္းယူႏုိင္ခဲ့တာ ျဖစ္ပါတယ္။

ေမာ္ဒန္ေဘာလုံးေလာကမွာ တစ္ပဲြတည္း ၅ ဂုိး သြင္းဖူးတဲ့ ကစားသမားေတြ ထြက္ေပၚဖူးၿပီး ကလပ္အသင္းအဆင့္မွာ အမ်ားဆုံးေတြ႕ရပါတယ္။ ဒါေပမဲ့ မက္ဆီလုိ ခ်န္ပီယံလိဂ္နဲ႔ ဖီဖာ အသိအမွတ္ျပဳ ႏုိင္ငံတကာပဲြမွာ တစ္ပဲြတည္း ၅ ဂုိးသြင္းတဲ့ ကစားသမားေတာ့ မရွိေသးပါဘူး။ ပထမဆုံးနဲ႔ တစ္ဦးတည္းဆုိရင္ေတာ့ မက္ဆီပဲ ရွိတာပါ။

About the author

Author