other league

■ ဂျူဗင်တပ်စ်နဲ့ ငွေကြေးခဝါချမှုပြဿနာကြောင့် ပြစ်ဒဏ်ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရတဲ့ စီရော်နယ်လ်ဒို

Written by Author

အယ်လ်နာဆာအသင်းရဲ့ ပေါ်တူဂီနာမည်ကျော်တိုက်စစ်မှူး စီရော်နယ်လ်ဒိုဟာ အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းရဲ့ပြဿနာကြောင့် တစ်လပွဲပယ်ပြစ်ဒဏ် ကျခံရဖွယ်ရှိတယ်လို့ ဥရောပမီဒီယာတွေက ဖော်ပြနေကြပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ကစားသမားအပြောင်းအရွှေ့များတွင် စာရင်းလိမ်လည်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် စီးရီးအေပြိုင်ပွဲမှာ (၁၅)မှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံထားရတဲ့အပြင် အဲဒီတုန်းက ပါဝင်ပတ်သက်ခဲ့တဲ့သူတွေကိုလည်း ဘောလုံးနဲ့ပတ်သက်ခွင့် ပိတ်ပင်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာပါ။

ဒါ့အပြင် ဂျူဗင်တပ်စ်အသင်းဟာ စာရင်းလိမ်လည်မှု ပြုလုပ်ခဲ့တဲ့ကာလအတွင်း ပါဝင်ပတ်သက်ခဲ့သော နည်းပြတွေ၊ ကစားသမားတွေကိုလည်း ပြစ်ဒဏ်ချမှတ်မှုများ ပြုလုပ်ဖွယ်ရှိနေကြောင်း သိရပါတယ်။

ဂျူဗင်တပ်စ်ရဲ့ ငွေကြေးခဝါချမှုမှာ ကစားသမား(၂၂) ဦးစာရင်း ပါဝင်ခဲ့ပြီး အဲဒီထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ စီရော်နယ်လ်ဒိုအနေနဲ့လည်း အရေးယူခံရဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်လာတာပါ။

ဂျူဗင်တပ်စ်အသင်းဟာ ကစားသမားတွေကို လစာငွေပေးချေမှုမှာလည်း မရိုးမသားပြုလုပ်ခဲ့ပြီး စီရော်နယ်လ်ဒိုအပါအဝင် ကစားသမားအချို့မှာ အဲဒီအချက်နဲ့ ငြိစွန်းခြင်းကြောင့် ပွဲပယ်ခံရဖွယ်ရှိနေတာပါ။

About the author

Author